News Article Photo Poem Video Cartoon Music Radio

Sunday, November 30, 2008

သူတို့ပြောတဲ့ စကား

"ကျနော်ဟာ ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်း အပိုဒ် (၃၀) ပါ ပုဒ်ခွဲ ၁၉၊ ၂၀၊ ၂၁ အရ လွတ်လပ်စွာ တွေးတောကြံဆ၊ လွတ်လပ်စွာ ဟောပြောစည်းရုံးပြီး လွတ်လပ်စွာ စုစည်းပြီး နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးအတိုင်း မိမိဆန္ဒကို လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခဲ့တာပါ။ ဒီလို အခြေခံကျတဲ့ လူ့အခွင့်အရေးလေးတွေတောင်မှ မပေးနိုင်ပဲ ပုဒ်ထီး ပုဒ်မတွေတပ်၊ ထောင်တွေချနေရင် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ပြည့်ဝတဲ့ လူ့အခွင့်အရေး လမ်းကြောင်းပေါ်ကို လျှောက်နေပါတယ်ဆိုတဲ့ နှစ်ထောင့်တဆယ်ကို ကျနော်တို့ ဘယ်လို ယုံကြည်ရတော့မလဲ"

ဇေယျာသော်
ACID အဖွဲ့ အဆိုတော်

Thursday, May 8, 2008

"အန္တရာယ် ကျရောက်မယ်မှန်း သိတာတောင် အစိုးရ မီဒီယာက မုန်တိုင်းလမ်းကြောင်း တလျှောက်က ပြည်သူတွေကို အချိန်မှီ သတိပေးဖို့ ပျက်ကွက်ခဲ့တယ်၊ ဆိုင်းကလုန်း ဥပမာဟာ စစ်အစိုးရက ပြည်သူတွေရဲ့ အခြေခံ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူး ဆိုတဲ့ နောက်ဆုံး နမူနာပါပဲ၊"

လောရာဘုရှ်
အမေရိကန် သမတ ကတော

Friday, April 4, 2008

"စကားလုံး သက်သက်နဲ့တော့ မြန်မာပြည် နိုင်ငံရေး ပြဿနာကို ပြေလည်မှာ မဟုတ်ဘူး ဗျ။ စိတ်မကောင်း ဖြစ်မိပါသည်တို့၊ ပြင်းထန်စွာ ရှုတ်ချလိုက်သည်တို့၊ စိတ်ပျက်မိ ပါသည်တို့။ စကားလုံး အခွံတွေ သက်သက်နဲ့ တော့ ဘာမှမဖြစ်ဘူး။ မြန်မာပြည် ပြဿနာကို တကယ်ပြုပြင် ပြောင်းလဲစေချင်ရင် အားပါတဲ့ အရေးယူ ဆောင်ရွက်ချက်တွေ မဖြစ်မနေ ရှိဖို့လိုတယ်"

(၈၈ ကျောင်းသားခေါင်းဆောင် ထွန်းမြင့်အောင် )