News Article Photo Poem Video Cartoon Music Radio

Tuesday, September 25, 2007

မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီမှတဆင့် ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြန်ကြေညာချက်


“တိုင်းပြည်၏ အကျိုးစီးပွားကို ထောက်ထား၍ ဤတွေ့ဆုံ ဆွေးနွေးမှုဖြစ်စဉ် အောင်မြင်စေရေးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကျမ အသင့် ရှိပါသည်။ ဤရည်မှန်းချက် အောင်မြင် ပေါက်ရောက်စေရန် အတွက်၊ အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအတိုင်း သွားရန် ကျမ ပိုင်းဖြတ်ထားပြီး ဖြစ်ပါသည်။ သို့ပါ၍ အစိုးရနှင့်တကွ အခြား ဆက်စပ် ပတ်သက်သူအားလုံးကို ဤစိတ်ဓာတ်အတိုင်း ကျမနှင့် လက်တွဲ ဆောင်ရွက်ပါရန် ဖိတ်ကြားအပ်ပါသည်။”



မြန်မာ့မီဒီယာ၊ပညာရေးနှင့်ဖွံဖြိုးမှုစောင့်ကြည့်လေ့လာရေး(MMEW) မှ စကားများ ...(>>>)

နိမိတ်တဘောင်

အောင်ခြင်းကိုးပါး
လူတိရစ္ဆာန် ယုတ်စွယုတ်စွာ
ရှိလေရာကို
ဂေါတမ ချက်ချင်းသွားနေကျ
အောင်ခြင်းကိုးပါး လာတော့မယ်
မင်းမမီမှာ စိုးသကွယ်
ရေးသူအမည် မင်းသိတယ်။
(ဒေါက်တာ သန်းထွန်း)
...................................................................
ဂငယ် လေးဆူ အုတ်သစ်ထူ
ထူသည့် အုတ်သစ် ဆယ့်ကိုးနှစ်
ဆယ့်ကိုးနှစ်ကျော် တဖန်ပေါ်
ပေါ်သည့် ဦးခေါင်း နေထီးဆောင်း
ရွှေခေါင်းပြောင်ပြောင် လမ်းလယ်ခေါင်
တစ်ရောင်ထဲထွက် မင်းလည်းပျက်
ဖြစ်ပျက်စုံညီ မြန်မာပြည်
အောင်စည်သံတို့ မြည်လာပြီ...
ဝိဇ္ဇ္ဇာရှစ်သောင်း ဆရာအပေါင်း

ခညောင်း မ လိမ့်မည် ။ ။

မိတ္ထီလာသား -
ရန်ကုန်ရေမြုပ် သန်းရွှေပြုတ်၊
ကြက်ဆူဆီထွက် စုကြည်တက်။
(မိတ္ထီလာသား)
.....................................................................................
CNG ဟူသည်ကား Change New Government


ကိုနစ် - ဘာသာရေးအဓိကရုန်းဖြစ်ရန် နအဖမှ ယုတ်မျာစွာ ကြံစည်နေသည်ဟု ပြည်သူဘက်ကိုလိုက်လိုသော ကြံ့ ဖွတ်အချို့ မှ ၈ မျိုးဆက်ကျောင်းသားများအား သတင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင်ရှိသော ဘာသာဝင်များအားလုံး သတိထားပြီး ရှောင်ရှားနိုင်ရန် မိမိလက်ကမ်းမှီရာသို့  သတိပေးကြစေလိုပါသည်။

ကိုထိုက် - မနေ့က ဆိုက်ကားသမားတွေကို လမ်းလျှောက်လိုက်ဖို့ တစ်ယောက် ၂၀၀၀ ပေးမယ်ဆိုပြီး ခေါ်ကြပါတယ်။ နောက်တော့ ဘုန်းကြီးတွေကို ရိုက်ပေးရမယ်ဆိုလို့ ...... မင်းတို့ ပေးတဲ့ငွေလည်း မယူဘူး၊ လိုက်လဲ မလိုက်နိုင်ဘူးဆိုပြီး ပြန်လာခဲ့ကြတယ်.. လို့ သိရပါတယ်။နောက်တစ်ခါ ဒီလို လာခေါ်မယ်ဆိုရင် လာခေါ်တဲ့ လူတွေကိုပဲ ရိုက်တော့မယ်လို့ ပြောနေကြတာကို သိရပါတယ်။
........................................................................................
ဟိန်းနီ - သံဃာတွေနဲ့ ၈၈မျိုးဆက် ခေါင်းဆောင်တွေဟာအသက် တွေဘ၀တွေရင်း ပြီး လမ်းခင်းပေးနေပါပြီ။ ဒီလမ်းပေါ်ကိုကိုယ်အခွင့်အရေးကိုယ်တီုက်ယူဖို့ အတွက် လူထုကြီးဆင်းလာဖို့ အချိန်တန်ပြီဆိုတာကိုလူထူယုံကြည်မှုရှိပါစေ။ ဒီတချက်ခုန်ရင် ဒီ ဒု က္ခ တရားတွေကနေအားလုံးလွတ်မြောက်မှာပါ။ခုန်ဖို့ ပဲလိုပါတယ်။ ယခု ဆို ရင် ရောင်နီ ပေါ် နေ ပါပြီ၊ နေ့ သစ်လည်းကိုမြင်နေရပါပြီ။အားလုံးညီညီညွတ်ညွတ်နဲ့ သွားရဲဖို့ အောင်ပွဲခံရဲဖို့ ပဲလို ပါတော့တယ်။
.............................................................................................................
အိုးဝေ - IT ရဲဘော်အပေါင်းတို့ ......နီးစပ်ရာသူငယ်ချင်းတွေမှ တဆင့် တခြားဘာသာဝင်များကို ပန်ကြားပေးကြပါ။ သံဃာတော်တို့နဲ့ တစ်သာတည်းဖြစ်ကြောင်းကို.. န၊အ၊ဖ ရဲ့ ကောက်ကျစ်တဲ့ ဘာသာရေး အဓိကရုံး ကို ရှောင်ကျဉ်ရန်.။

Terrorists

Terrorists

မျက်ရည်ယိုဗုံး၊ ခြင်ဆေးရည် နှင့် ရော်ဘာကျည်သုံး ပစ်ခတ်နှိမ်နင်းမှုမှ ကာကွယ်နည်းများ

The Buddhist Killer

Part-1

Part-2

ဇင်အေးပြောတဲ့စကား ...(>>>)


သာသသနာ့ အာဇာနည်ရဟန်းတော် အပေါင်းအား ရိုသေမြတ်နိုးလှစွာဖြင့် လက်ဆယ်ဖြာ ဦးထိပ်မိုး၍ နှလုံးသည်းပွတ်ထဲမှ လှိုက်လှဲစွာဖြင့် ဦးချကန်တော့အပ်ပါ၏ အရှင်ဘုရား။


အလွန်ပင် ကြည်နူးကျေနပ်လှစွာဖြင့် သာသနာဖျက်နေသော တပ်မတော် ခေါင်းဆောင်ဆိုသူနှစ်ဦးနှင့် နောက်လိုက်နောက်ပါ အလိုတော်ရိအပေါင်းအား ဆန့်ကျင်တိုက်ထုတ်ကာ အောင်ပွဲအရယူကြ။


တိုင်းပြည်အာဏာကို ရဟန်းရှင်များ၊ပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများ၏ အသက်ပေါင်းမြောက်များစွာအား သတ်ဖြတ်၍ မတရားသောနည်း၊ ကောက်ကျစ်ယုတ်မာသောနည်းလမ်းပေါင်းစုံဖြင့် စစ်အာဏာသိမ်းခဲ့သည်မှာ ၁၈၊၉၊၂၀၀၇ တွင် နှစ်ပေါင်းအားဖြင့် (၁၉)နှစ်ပြည့်မြောက်ခဲ့လေပြီ။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း အာဏာကိုအလွန့်အကျွန် သုံးစွဲ၍ အစွမ်းကုန်မိုက်ဇာတ်ခင်းနေကြပေပြီဆိုတာကို ပိုမိုထင်ရှားလာပုံ အချက်အား ရဟန်းတော်များ၏ ပတ္တနိကုဇ္ဖနကံဆောင်ခြင်းအမှုမှ သက်သေပြသည့်အနေဖြင့် ယနေ့မှစတင်ပြုလုပ်ကာ တိုင်းပြည်ရှိပြည်သူလူထုနှင့် သံဃာတော်များကို နှိပ်စက်လျက်ရှိနေသူအပေါင်းအား ဆန့်ုကျင်သော လုပ်ရပ်ဖြင့် အာဏာရှင်စနစ်အမြန်ဆုံး အဆုံးသတ်ရေးဆီသို့ ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါစို့။

Monday, September 24, 2007

မိတ္ထီလာသား ပြောတဲ့စကား ...(src)

ရန်ကုန်ရေမြုပ် သန်းရွှေပြုတ်၊
ကြက်ဆူဆီထွက် စုကြည်တက်။
(မိတ္ထီလာသား)
.....................................................................................
CNG ဟူသည်ကား Change New Government
.....................................................................................
မေငြိမ်းပြောတဲ့စကား ...(>>>)

အထွေထွေ သပိတ်တဲ့..။
တကယ်တော့ အထွေထွေ ဆန္ဒထုတ်ဖော်ပွဲပါပဲ။
ကြုံနေရတဲ့ အခက်အခဲတွေ.. ခံစားနေရတဲ့ အကျပ်အတည်းတွေ..ပြေလည်ဖို့။

ရသင့်ရထိုက်တဲ့ လူစဉ်မီအခွင့်အရေးတွေ.. ငြိမ်းချမ်းသာယာမှုတွေ.. ရဖို့။
ကိုယ့် ဆန္ဒတွေ ဖော်ထုတ်ကြရမှာပါ။ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ တင်ပြကြရမှာပါ..။
ဘုန်းဘုန်းတွေ တောင်းဆိုတဲ့ လေးချက်ကလည်း ဒါပါပဲ။
လူထု တရပ်လုံး ရဲ့အဓိက ရည်ရွယ်ချက်ကလည်း ဒါပါပဲ။

ခုချိန်မှာတော့..
ကျမတို့ နိုင်ငံသားအချင်းချင်း ပြေပြေလည်လည် ဆွေးနွေးညှိနှိုင်းရမယ့်အချိန်ကို သေသေချာချာ ရောက်နေ ပါပြီ။ ဒီနေရာမှာ ပြည်သူတွေလိုပဲ အဖိနှိပ်ခံ အဆင်းရဲခံနေရတဲ့ တပ်မတော်သားတွေ..
အရာရှိအရာခံ တွေက လည်း ကိုယ့်အခွင့်အရေးကို သဘောပေါက်ဖို့တော့ လိုနေပါပြီ။ ဥပမာ.. ဗိုလ်ချုပ်ရွှေမန်းလို အဆင့်မျိုးက တောင် ရသင့်ရထိုက်နေပြီ ဖြစ်တဲ့ ရာထူးကို မခံစားရသေးဘဲ ရှေ့ကနေ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ် သန်းရွှေက ရာထူးကို မဖယ်စတမ်း အပိုင်စီးထားတာမျိုးဟာဆိုရင် ဗိုလ်ချုပ်ရွှေမန်းအနေနဲ့ ၀န်ထမ်း အခွင့် အရေး အထိပါးခံနေရတာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အဆင့်တောင် ခုလို အထိပါးခံရတယ်ဆိုရင် အောက်အဆင့် ဆင့် ၀န်ထမ်းတွေကစလို့ လူထုတရပ်လုံးရဲ့ အခွင့်အရေးတွေ ဘယ်လောက် အထိပါးခံနေရမယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ရဲဆိုလည်း ဒီလိုပါပဲ။ ဘယ်လောက်ပဲ အလုပ်ကြိုးစားပေမဲ့လည်း နိုင်ငံတော်က ၀၀လင်လင် လုံလုံလောက်လောက် ဖြစ်အောင် တာဝန်ယူ မပေးတဲ့အတွက် ရဲချုပ်တွေ ရဲမှူးတွေခမျာ လူထုနဲ့ ထိပ်တိုက်တွေ့ပြီး ငိုစားရယ်စားလို့ အပြောခံရလောက်အောင် ထမင်းတလုပ် အတွက် ဓါးစာခံအဖြစ်နဲ့ အကုသိုလ်အလုပ်တွေ လုပ်နေကြရတာပါ။ ဒါကို ဆက်ပြီး လက်သင့်ခံနေဖို့ မကောင်းတော့ပါဘူး။ ကိုယ့် သားသမီးတွေ နဲ့ ဆွေမျိုးအသိုင်းဝိုင်းလည်း မျက်နှာငယ်လှပါပြီ။

တကယ်တော့ နိုင်ငံတကာမှာက ၀န်ထမ်းတိုင်း လူတိုင်းဟာ ကိုယ်လုပ်သလောက် ကိုယ် အကျိုးခံစားရတာပါ။ အင်မတန် ဂုဏ်သိက္ခာရှိတာပါ။ စစ်တပ်တို့ ရဲတို့ဟာလည်း လူ့ အလေးစားခံ သူ့ဘာသာ ရပ်တည်နိုင်ကြ ပါတယ်။ ခု ကျမတို့ ဗမာပြည်မှာကတော့ စစ်တပ်ဟေ့.. ရဲဟေ့.. ဆိုရင် လူအများစု နှာခေါင်းရှုံ့ကြတာ စိတ်ထိခိုက်စရာပါ။ တကယ်က တိုင်းပြည်မှာ သူတို့ဟာ မဖြစ်မနေ အရေးပါတာပါ..။ ဒါကြောင့် လူထုက သူတို့ကို ချစ်စေချင်ပါတယ်။ လေးစားစေချင်ပါတယ်။ ကျမစိတ်ထင် ခုချိန်ဟာ အချိန်မီပါတယ်။ စစ်သည်တွေ.. ပြည်သူ့ရဲတွေလည်း လူထုနဲ့ ပူးပေါင်းပြီး ကိုယ့်ဆန္ဒတွေ ကို ငြိမ်းချမ်းစွာ ထုတ်ဖော်ရတော့မယ့်အချိန်ပါပဲ။

ကျမ ခု ဒီစာကို ရေးနေရင်း ရှစ်လေးလုံးမတိုင်ခင်က ရန်ကုန်က တော်လှန်ရေးနေ့ မြင်ကွင်းတွေကို သတိရနေမိပါတယ်။ အဲဒီတုန်းက တော်လှန်ရေးနေ့ဆိုရင် ကားတွေနဲ့ မြို့ထဲကို ၀င်လာတဲ့ စစ်သည်တွေကို ပန်းတွေ သကြားလုံးတွေ ဖျော်ရည်တွေ ပေး.. ပန်းကုံးတွေ စွပ်ခဲ့ကြတာ..။ စစ်သီချင်း တွေကို လူထုကပါ အော်ဆိုကြတာ..။ နောက်တော့ ရှစ်လေးလုံး အရေးတော်ပုံထဲ.. ပြည်သူ့စစ်သား တို့စစ်သား လို့ အော်ခဲ့ ကြတာ။ စစ်သည်တွေ လူထုနဲ့ ပူးပေါင်းလာတော့ လူထုက ဖက်လှဲတကင်း ကြိုခဲ့ကြတာ…။ ဒါတွေကို ကျမ ပြန်သတိရ မြင်ယောင်နေမိပါတယ်။ ကျမတို့ သွေးသားတွေပဲ ဖြစ်တဲ့ စစ်တပ်ကို ကျမတို့တွေ ခွင့်လွှတ် ကြိုဆိုနိုင်ခဲ့ကြပါတယ်။ ခုလည်း ဒီလိုပါပဲ..။ အင်မတန် သီးခံ ခွင့်လွှတ်နိုင်တဲ့ လူထုကတော့ စစ်သည်တွေ.. ပြည်သူ့ရဲတွေကို လက်ကမ်း ကြိုနေဦးမှာပါ..။ ဒါဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိုလားတဲ့ လမ်းပါ ပဲ။ ဒါဟာ.. ငြိမ်းချမ်းရေးလမ်းစဉ် ပါပဲ။ ဒါဟာ ပြည်တွင်း စည်းလုံးညီညွတ်ရေး လမ်းပါပဲ..။

ကျမတို့အားလုံး ချစ်ခင် ညီညွတ် ကြပါစို့။
တွေ့ဆုံဆွေးနွေးရေးဆီ အရောက်သွားကြပါစို့..။

ပြည်သူ့ ဘုန်းဘုန်း တို့ ဘုန်းဘုန်း.
ပြည်သူ့ စစ်သား တို့ စစ်သား.
ပြည်သူ့ ရဲသား တို့ရဲသား…


ကဲ.. ကျမတို့ ဘလော့ဂါတွေလည်း လူထုနဲ့အတူ ဆန္ဒတွေ ထုတ်ဖော်ရပါတော့မယ်..။ အဲဒီအတွက် ကျမ ဒီနေရာကနေ Tag လုပ်ပါရစေ…။ အလုပ်တွေ မအားတဲ့ ကြားကပဲ ၂၄ရက်နေ့ အထွေထွေ သပိတ် အမီ.. အဆင့်ဆင့် Tag ရင်းနဲ့ ဆန္ဒ ထုတ်ဖော်ကြပါစို့..။
တပ်မတော်သားတွေ အပေါ် ဘယ်လို သဘောထားမလဲ ဆိုတာကို ရေးပေးကြ စေချင်ပါ တယ်။

ကဲ ... ကျမ Tag မယ့် ဘလော့ဂါ များ ကတော့
ခင်မင်းဇော်..
စိုးဝှက်..

ကိုနစ်
..
ကိုမောင်ရင်..

ကလူသစ်..

ကိုထိုက်..

ဒေါက်တာလွဏ်းဆွေ..

ကို ရန်အောင်..

ကိုမျိုးချစ်
မြန်မာ... တို့ပဲ ဖြစ်ပါတယ်။

"ညီညွတ်ရေးနဲ့… အသက်ရှည်ရှည် ခင်ခင်မင်မင်..လက်ရည် တပြင်တည်း .. ရှေးကထက် ပို ချစ်ကြမယ်"(နန်းတော်ရှေ့ ဆရာတင်)

မေငြိမ်း(၂၃၊၉၊၀၇)

“ပြည်သူတွေက
သူတို့လွတ်မြောက်ချင်တယ်လို့
ဆုံးဖြတ်လိုက်တာနဲ့

သူတို့ကို တားဆီးနိုင်တဲ့အရာကိစ္စ
ဘာမှ မရှိတော့ပါဘူး”
(ဘုန်းတော်ကြီး Desmond Tu Tu)

မိုးသီးဇွန် ပြောတဲ့စကား ...(>>>)

သံဃာတော်များသို့ လျှောက်ထားချက် စာတမ်းငယ်

တပည့်တော် မိုးသီးဇွန်မှ သံဃာတော်များသို့ လျှောက်ထားချက် စာတမ်းငယ်ကို တင်ပြအပ်ပါသည် ဘုရား

စာတမ်းအနှစ်ချုပ်

သန်းရွှေစစ်အုပ်စုဟာ အချိန်ဆွဲပြီးတိုက်နေပါတယ်။ သံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများ နှင့်မပူးပေါင်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်နေပါတယ်။တပည့်တော်တို့လုပ်ရမည်မှာ သံဃာ ကျောင်းသား ပြည်သူလက်တွဲပြီးအမြန်ဆုံး စစ်အုပ်စု ဖယ်ရှားပစ်ရန်ဖြစ်ပါသည်ဘုရား။

ဒီနေရာမှ ရယူဖတ်ရှုပြီး ဝေမျှပေးကြပါရန် ပန်ကြားအပ်ပါသည်။


• ငါတို့ အားလုံးဟာ ခေါင်းဆောင်
We all are leaders
• ငါတို့ ခေါင်းဆောင်နိုင်တယ်။
We can lead
• လူထုအင်အားဟာ အကောင်းဆုံးလက်နက်။
ပေါက်တူး၊ တူ၊ တုတ်ဒါး တွေဟာ ငါတို့လက်နက်။

• အခုဖြစ်နေတဲ့လှုပ်ရှားမှုထဲမှာ ငါတို့ အတွေ့အကြုံတွေကိုသင်ယူနိုင်တယ်။
( မုဆိုးစိုင်သင်၊ တိုက်ပွဲထဲမှာခေါင်းဆောင်ထွက်လာမယ်။ )

We talk, We walk , We fight and We win .
( မတရားမှု တွေကို ငါတို့ ပြောတယ်။ ငါတို့ချီတက်တယ်။ ငါတို့ တိုက်ပွဲဝင်တယ်။ ငါတို့ အောင်ပွဲခံမယ်။ )


အစအဆုံး..ကြည့်ချင် ရင်…..

နစ်နေမန် ပြောသော စကားများ ...(>>>)

အဆုံးအဆမဲ့သတ္တိရှင်..မေတ္တာအရိယာသူတော်စင်..

အသိပေးကြေညာချက်။

ကျွန်တော်တို့  ပြည်သူတွေအနေနဲ့  မတရားတဲ့ အမိန့် မှန်သမျှကို ရဲရဲဝန့် ဝန့် ဆန့်ကျင်သွားမှာပါ။ ဒါကြောင့် အသိစိတ်ရှိရှိနဲ့  ငုံမခံဘဲ တတ်နိုင်သလောက် ပြန်ပြီး တော်လှန်သွားမှာပါ။ ပြည်သူတွေအားလုံး အရင်နေ့ များလို လမ်းမပေါ်ဆက်ထွက်ကြမှာပါ။ အားလုံးကိုလည်း အတူတကွ ပူးပေါင်းပါဝင်ကြဖို့  ပြောလိုပါတယ်။

အထူးအရေးကြီးပါသည်။

ရိုက်နှက်ခြင်း ပြစ်ခတ်ခြင်းဖြစ်ပါက ထိခိုက်ခံရသည့်သူများအတွက် အရေးပေါ် နားခိုရန်နေရာများ၊ ရှောင်တိန်းရန်နေရာများ၊ ဆေးကုသခံရန်နေရာများအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ပါသည်။ ဒီလုပ်ငန်းများအား ပြည်သူ န်ထမ်းများနှင့် တတ်ကျွမ်းသူများမှ ၀ိုင်းဝန်းစီစဉ်ထားပေးသင့်ပါသည်။ နအဖနှင့် လက်ပါးစေများမှ အကြမ်းဖက်နှိမ်နင်းပါက လူထုအင်အားနှင့် စုပေါင်းအကာအကွယ်ပေးသင့်ပါသည်။ လက်ဆင့်ကမ်းပြီး တစ်ဦးနှင့်တစ်ဦး လူထုတပ်လှန့် ထားရန် အသိပေးထားရန် သတိပေးထားရန် အမြန်လိုပါသည်။ ပြည်သူတစ်ဦးအနေနဲ့ မိမိနိုင်ရာ တာဝန်ကို ထမ်းဆောင်ပေးစေလိုပါသည်။

ဘာသာရေးအဓိကရုန်းကို နအဖမှ ဖန်တီးလိမ့်မည်။

ဘာသာရေး အဓိကရုန်းဖြစ်ရန် နအဖမှယုတ်မာစွာ ကြံစည်နေသည်ဟုပြည်သူ့ဘက်ကိုလိုက်လိုသော ကြံ့  ဖွတ်အချို့ မှ၈၈မျိုးဆက်ကျောင်းသားများအား သတင်းပေးထားပါသည်။ မြန်မာနိုင်ငံတွင်ရှိသောဘာသာဝင်များအားလုံးသတိထားပြီးရှောင် ရှားနိုင်ရန် မိမိလက်ကမ်းမှီရာသို့  သတိပေးကြစေလိုပါသည်။

ပြည်သူများခင်ဗျာ - အထူးမေတ္တာရပ်ခံလိုပါတယ်။

နအဖက လက်ပါးစေလူမိုက်တွေအဖြစ်မွေးထား တဲ့စွမ်းအားရှင်ဆိုတဲ့သူ တွေနဲ့  ပြည်သူအချင်းချင်း အိုးမဲ သုတ်ပြီး ပြန်ရန်တိုက် ပေးနေတာပါ။ အခုဆိုရင် လက်ရှိ ဆန္ဒပြတဲ့သူတွေအရိုက်ခံရ၊ အဖမ်းခံရနဲ့ အထိနာနေကြ ပါတယ်။

ဒီနေ့  လှည်းတန်းမှာအတော့်ကိုအထိနာနေပါတယ်။ ဒီလိုအခြေအနေကို
ပြည်သူများမှ ၀င်ရောက် ပါဝင် မကယ်ဖူး ဆိုရင် ဒီလိုရှေ့ က အနာခံပြီး ရင်းတဲ့သူတွေအတွက် တစ်ဖက်သတ်ခံ နေရတာတွေ ပိုဆိုးပါလိမ့်မယ်။

ပြည်သူ တစ်ဦးချင်းစီတိုင်း လက်တွေ့ ပါဝင်မှ ဖြစ်မယ့် အခြေ အနေဖြစ် နေပါပြီ။ တက်ကြွစွာ စည်းရုံးပါဝင်ကူညီ ကြပါခင်ဗျာ။ အမိ
မြန်မာပြည် ကောင်းစားရေး အတွက်ပါ။ ကျေးဇူး အထူးတင်ရှိပါသည်။


သားသုံးသားရဲ့ တော်လှန်ရေး

ဒီမှာတော်လှန်ရေးသီချင်းအသစ်တစ်ပုဒ်။ ဒီသီချင်းကို အစအဆုံးနားထောင်ပေးပါ။ တော်လှန်ရေးသီချင်းဖြစ်ပါသည်။ ပြညိတွင်းကလူများ အိမ်တိုင်းနေရာတိုင်းမှာ ကျယ်ကျယ်လေး ဖွင့်ပါလို့ ။ အခုနေချိန် လူတိုင်းဖွင့် ကြဖို့ လိုပါတယ်။

ဒီမှာ download လုပ်ပါ။ http://www.mediafire.com/?3qxx52tuxdu

အမိမြန်မာပြည်ကို ကယ်တင်ပါ။

အမိမြန်မာပြည်ကို ကယ်တင်ပါ။

သာသနာဖျက်များ..








ရွှေတိဂုံအရှေ့ဖက်မုဒ်မှ သတ်ဖြတ်မှုမှာ တာဝန်ရှိတဲ့ အကောင်တကောင်ပါ..ကြုံရင် ၀င်သမနိုင်ပါတယ်..ကျောင်းကြီးဖျက်ကောင်တွေပါ။
ဒီစစ်ခွေးရဲ့ အမည်က အောင်ကျော်ဇော ဖြစ်ပြီး ရာထူးက တော့ ဒု-ဗိုလ်မူးကြီး ဖြစ်ပါတယ်။ တပ်ရင်းကတော့ ခလရ၁၆ စိစစ်စဲ ပါ။ လက်ရှိတပ်မ(၇၇)၏ လက်အောက်ခံဖက်ဆစ်မျိုးရိုးတပ် က ဖြစ်ပါတယ်။

အစအဆုံး..ကြည့်ချင် ရင်…...